back

မြန်မာနိုင်ငံ၌ ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း ယာဉ်တိုက်မှုများကြောင့် လူ ၈၁၃ ဦး သေဆုံးပြီး ၂,၀၅၁ ဦး ဒဏ်ရာရရှိ

Jul 03 • 3:59 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံ၌ ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း ယာဉ်တိုက်မှုများကြောင့် လူ ၈၁၃ ဦး သေဆုံးပြီး ၂,၀၅၁ ဦး ဒဏ်ရာရရှိ

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ပထမငါးလတာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁,၄၄၇ မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုများကြောင့် လူ ၈၁၃ ဦး သေဆုံးကာ ၂,...

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ပထမငါးလတာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁,၄၄၇ မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုများကြောင့် လူ ၈၁၃ ဦး သေဆုံးကာ ၂,၀၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (RTAD) ၏ ဇွန်လ ၃၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ပထမငါးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆၅ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် သေဆုံးသူ ၁၀၆ ဦးစီဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့သည်။ ယမန်နှစ် ၂၀၂၅ ခုနှစ် အလားတူကာလအတွင်းက ယာဉ်တိုက်မှု ၁,၄၅၅ မှုဖြစ်ပွားကာ လူ ၇၈၂ ဦး သေဆုံးပြီး ၂,၁၄၄ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ယခုနှစ်တွင် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။ ထို့ပြင် ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလပတ်လုံးတွင် မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှု စုစုပေါင်း ၃,၃၄၈ မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၁,၇၃၅ ဦးနှင့် ဒဏ်ရာရသူ ၄,၆၇၆ ဦး ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

news-view-count-icon

21