အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ Madison Square Gardens ၌ ကမ္ဘာကျော်ပေါ့ပ်စတား တေလာဆွစ်ဖ်နှင့် အမေရိကန်ဘောလုံးကစားသမား ထရဲဗစ် ကဲလ်ဆီတို့၏ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပသွားရန် ရှိနေကြောင်း သိရသည်။ အဆိုပါ မိုးလုံလေလုံရုံကြီးသို့ သွားသည့်လမ်းများကို ဇူလိုင်လ ၂ ရက်မှ အမေရိကန်လွတ်လပ်ရေးနေ့ ဖြစ်သည့် ဇူလိုင်လ ၄ ရက်အတွင်း ပိတ်ပေးရန် ခွင့်ပြုချက် လျှောက်ထားမှုများ ရှိနေပြီး မက်ဟန်တန်ရှိ လူစည်ကားရာ နေရာအချို့တွင်လည်း ယာဉ်အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။ လူဦးရေ ၁,၀၀၀ ခန့် တက်ရောက်မည့် အဆိုပါ မင်္ဂလာပွဲကြီးကို ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပနိုင်ခြေရှိကြောင်း ခန့်မှန်းထားကြပြီး ထရဲဗစ်၏ ကစားဖော်အချို့လည်း ရုံကြီးအနီးရှိ ဟိုတယ်များတွင် လာရောက်တည်းခိုရန် စာရင်းပေးထားကြပြီဖြစ်ကြောင်း သိရသည်။
Jul 03 • 2:28 AM
Myanmar
International
Share
| 28 | 0 | 0 | 0 |


