menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

AFC Women's Champion League ခြေစစ်ပွဲတွင် ဧရာဝတီအမျိုးသမီးအသင်း အုပ်စုချောင်နေ

Jul 03 • 2:27 AM

breaking-news

Myanmar

Local

Share

share-news
cover

AFC Women's Champion League ခြေစစ်ပွဲတွင် ဧရာဝတီအမျိုးသမီးအသင်း အုပ်စုချောင်နေ

ပြီးခဲ့သည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ဧရာဝတီအမျိုးသမီးအသင်းသည် AFC\ Women's\ Champion\ League\ 2026-2027 ပြိုင်ပွဲ ခြေစစ်ပွဲတွင်...

cover-photo

ပြီးခဲ့သည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ဧရာဝတီအမျိုးသမီးအသင်းသည် AFC\ Women's\ Champion\ League\ 2026-2027 ပြိုင်ပွဲ ခြေစစ်ပွဲတွင် တရုတ်တိုင်ပေကလပ် နယူးတိုင်ပေစီးတီး၊ စင်ကာပူကလပ် ဂျူရောင်း၊ လက်ဘနွန်ကလပ် နိုးလစ်မစ်အသင်းတို့နှင့်အတူ အုပ်စု (F) တွင် ကျရောက်နေသဖြင့် အုပ်စုချောင်ကာ နောက်တစ်ဆင့်တက်ရန် အခွင့်အရေးသာနေကြောင်း သိရသည်။ အဆိုပါ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို ဧရာဝတီအသင်းက အိမ်ရှင်အဖြစ် လာမည့် ဩဂုတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ လက်ခံကျင်းပသွားမည်ဖြစ်သည်။ခြေစစ်ပွဲတွင် စုစုပေါင်း ၂၄ သင်းက ၄ သင်းစီ ၆ အုပ်စုခွဲ၍ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရ ၁ သင်းစီ (စုစုပေါင်း ၆ သင်း) သာ နောက်ဆုံးဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ သြစတြေးလျနှင့် ဗီယက်နမ်ကလပ် ၆ သင်းတို့က တိုက်ရိုက်ကစားခွင့်ရရှိထားပြီး ခြေစစ်ပွဲအောင်လာမည့် ၆ သင်းနှင့်ပေါင်းကာ စုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ယမန်နှစ်ကလည်း မြန်မာကလပ် ISPE အသင်းသည် ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်ရောက်ကစားခွင့်ရရှိခဲ့ဖူးကြောင်း သိရသည်။

news-view-count-icon

12

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

လာအိုသမ္မတ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို ဗီယင်ကျန်းမြို့ရှိ ကျောင်းပေါင်း ၂၂ ကျောင်းသို့ လှူဒါန်း

တေလာဆွစ်ဖ်နှင့် ထရဲဗစ်တို့၏ မင်္ဂလာပွဲကို နယူးယောက်မြို့တွင် ခမ်းနားစွာ ကျင်းပရန် ရှိနေ

cover-photo
right-arrow-icon