ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှ ထွက်ရှိသည့် ရာသီပေါ် ပန်းထိန်ငိုပန်း (ပန်းတိမ်ပန်း) ဈေးနှုန်းများသည် ရာသီပေါ်စအချိန်ကတည်းက တောက်လျှောက်ကျဆင်းလာနေကြောင်း စိုက်ပျိုးတောင်သူများနှင့် ပွဲစားများထံမှ ဇူလိုင်လ ၂ ရက်နေ့တွင် သိရသည်။ ယခင်က ပန်းထိန်ငိုပန်းတစ်ပင်လျှင် ၅၀၀ ကျပ်အထိ ရောင်းချခဲ့ရသော်လည်း ယခုလက်ရှိ ဈေးကွက်အတွင်း တောင်သူများထံမှ ဝယ်ယူသည့်ဈေးမှာ တစ်ပင်လျှင် ၁၀၀ ကျပ်ခန့်သာ ရရှိတော့ကြောင်း သိရသည်။ ဈေးကွက်မတည်ငြိမ်မှုအပြင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ တင်ပို့ရာတွင်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် အချိန်မှီ မတင်ပို့နိုင်ပါက ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။ယခင်နှစ်များက အဓိက တင်ပို့ခဲ့သည့် မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်းနှင့် မြဝတီမြို့များအနက် အချို့မြို့များသို့ တင်ပို့မှုကိုပါ ရပ်ဆိုင်းထားရကြောင်း ပွဲစားတစ်ဦးက ဆိုသည်။ လက်ရှိတွင် မျိုးဥ၊ မြေဩဇာ၊ နွားချေးနှင့် ပိုးသတ်ဆေး စသည့် စိုက်ပျိုးစရိတ်များ အဆမတန် မြင့်တက်နေသော်လည်း ပန်းဈေးကွက်မှာ တွက်ချေမကိုက်တော့သဖြင့် အချို့စိုက်ပျိုးတောင်သူများသည် ပန်းအခင်းများကို ဖျက်ဆီးပစ်ကာ အခြားသီးနှံများ အစားထိုးစိုက်ပျိုးမှုများ ပြုလုပ်လာကြကြောင်း သိရသည်။
ရှမ်းပြည်နယ်၌ ရာသီပေါ် ပန်းထိန်ငိုပန်းများ ဈေးနှုန်းအဆမတန် ဆက်လက်ကျဆင်းနေ၍ စိုက်ပျိုးတောင်သူများ အခက်ကြုံ
Jul 03 • 2:29 AM
Myanmar
Shan
Share
| 17 | 0 | 0 | 0 |


