back

ထိုင်းထီအမြင့်ဆုံးဆု နှစ်စောင်တွဲ ဘတ် ၁၂ သန်းကို ရခိုင်မောင်နှမနှစ်ယောက် ဆွတ်ခူးခဲ့

Jul 03 • 2:01 AM

breaking-news

Thailand

Local News

cover

ထိုင်းထီအမြင့်ဆုံးဆု နှစ်စောင်တွဲ ဘတ် ၁၂ သန်းကို ရခိုင်မောင်နှမနှစ်ယောက် ဆွတ်ခူးခဲ့

ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား မောင်နှမနှစ်ဦးသည် ဇူလိုင်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းအစိုးရထီ၏ အမြင့်ဆုံးဆု...

ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား မောင်နှမနှစ်ဦးသည် ဇူလိုင်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းအစိုးရထီ၏ အမြင့်ဆုံးဆုကြီးဖြစ်သော ဘတ် ၆ သန်းဆုကို ထီနံပါတ် 751495 နှစ်စောင်တွဲဖြင့် ဘတ် ၁၂ သန်း (မြန်မာငွေ ကျပ်သိန်း ၁၆,၀၀၀ ခန့်) ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကံထူးရှင် မောင်နှမနှစ်ဦး၏ ထီဆုငွေများကို ဇူလိုင်လ ၂ ရက်နေ့တွင် နေ့ချင်းပြီး ထုတ်ယူနိုင်ရန် M.H.A.C မဟာမိတ်အဖွဲ့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများထံသို့ ငွေလွှဲပြောင်းပေးနိုင်ရန်လည်း ဆက်လက်ကူညီပေးသွားမည်ဖြစ်ပြီး ကံထူးရှင် မောင်နှမနှစ်ဦး၏ နေရပ်ဇာတိမြို့နယ်နှင့် အမည်အသေးစိတ်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

news-view-count-icon

9