back

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိလာ

Jul 03 • 1:48 AM

breaking-news

Myanmar

Naypyidaw

cover

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိလာ

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ အလုပ်သဘောခရီးစဉ်အဖြစ် ဇူလိုင်လ ၂ ရက်နေ့တွင်...

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ အလုပ်သဘောခရီးစဉ်အဖြစ် ဇူလိုင်လ ၂ ရက်နေ့တွင် အထူးလေယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်း ဆွေးနွေးအတည်ပြုသွားရန် စီစဉ်ထားကြောင်း သိရသည်။

news-view-count-icon

35