ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင်သာသနာ့ရိပ်သာတွင် တစ်ပါးတည်း သီတင်းသုံးတော်မူသည့် နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင် အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) သည် ဇူလိုင်လ ၂ ရက်နေ့တွင် ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ မနေ့နံနက်ပိုင်းတွင် ကျောင်းဆောင်သို့ သွားရောက်ဖူးမြော်ရာ တုံ့ပြန်မှုမရှိသဖြင့် တာဝန်ရှိသူများနှင့်အတူ တံခါးဖွင့်လှစ်စစ်ဆေးခဲ့ရာ သွေးစွန်းနေသည့် အခြေအနေဖြင့် ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ဆရာတော်ကြီးဟာ ပျံလွန်တော်မူချိန် သက်တော် ၇၅ နှစ်၊ ဝါတော် ၁၅ ဝါရှိပြီဖြစ်ပါသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက အမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင် အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) ပျံလွန်တော်မူမှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေ
Jul 03 • 1:40 AM
Myanmar
Local
Share
| 62 | 0 | 0 | 0 |


