menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

တရုတ်နိုင်ငံ၊ဟောင်ကောင်ဒေသ၌ အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၉ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများကို‌ ခြိမ့်ခြိမ့်သဲကျင်းပ

Jul 03 • 1:39 AM

breaking-news

China

Local News

Share

share-news
cover

တရုတ်နိုင်ငံ၊ဟောင်ကောင်ဒေသ၌ အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၉ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများကို‌ ခြိမ့်ခြိမ့်သဲကျင်းပ

အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားများကို တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတစ်ခွင်၌ ဇူလိုင်လ ၁ ရက်နေ့တွင် တစ်ရက်တ...

cover-photo

အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားများကို တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတစ်ခွင်၌ ဇူလိုင်လ ၁ ရက်နေ့တွင် တစ်ရက်တာပတ်လုံး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ဝမ်းကျိုင်ခရိုင်ရှိ ဂိုးလ်ဒင်း ဘာအူဟီနီယာရင်ပြင်၌ အလံတင်အခမ်းအနား ပြုလုပ်ခဲ့ပြီးနောက် ဟောင်ကောင် ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ အထိမ်းအမှတ်ဧည့်ခံပွဲ ဆက်လက်ကျင်းပခဲ့ရာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး လီကျားချောင်း (ဂျွန်လီ) က ဟောင်ကောင်၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ကာ ဖွံ့ဖြိုးတိုးတက်မှုအကျိုးကျေးဇူးများကို ပြည်သူများ ပိုမိုမျှဝေခံစားနိုင်စေရန် ဆောင်ရွက်သွားမည်ဟု မိန့်ခွန်းပြောကြားခဲ့သည်။ ထူးခြားချက်အနေဖြင့် ဟောင်ကောင်၏ ပထမဆုံးအာကာသယာဉ်မှူး လီကျားယဉ်က ထျန်းကုန်းအာကာသစခန်းမှနေ၍ ဗီဒီယိုလင့်ခ်ဖြင့် အခမ်းအနားသို့ ချိတ်ဆက်ကာ မွေးရပ်မြေအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့သည်။ ထို့ပြင် ဒေသတစ်ခွင်တွင်လည်း အစိုးရရုံးများနှင့် ပညာရေးအဖွဲ့အစည်းများ၏ အလံတင်အခမ်းအနားများအပြင် ဒရုန်းဖြင့် သရုပ်ဖော်တင်ဆက်မှု၊ မြင်းပြိုင်ပွဲများ၊ ဗစ်တိုးရီးယားဆိပ်ကမ်း၌ ငါးဖမ်းရေယာဉ်များ စီတန်းလှည့်လည်မှုနှင့် ဆိပ်ခံတံတား၌ တေးသီချင်းသံပြိုင်သီဆိုဖျော်ဖြေပွဲများ စသည့် ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပခဲ့ကြကြောင်း သိရသည်။

news-view-count-icon

8

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ပြည်တွင်း၌ တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်းများ ဖွင့်လှစ်လျက်ရှိ

တရုတ်နိုင်ငံက ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် ဆက်လက်လုပ်ဆောင်မည်ဟုဆို

cover-photo
right-arrow-icon