back

ပြည်တွင်း၌ ကားဟောင်းအပ်နှံရေးနှင့် EV အစားထိုးလဲလှယ်ရေးဂယက် Classic ကားများအပေါ် ရိုက်ခတ်မှုမရှိ

Jul 02 • 3:17 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ ကားဟောင်းအပ်နှံရေးနှင့် EV အစားထိုးလဲလှယ်ရေးဂယက် Classic ကားများအပေါ် ရိုက်ခတ်မှုမရှိ

မြန်မာနိုင်ငံ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကားဟောင်းအပ်နှံပြီး လျှပ်စစ်သုံးယာဉ် (EV) ဖြင့် အစားထိုးလဲလှယ်ခွင့်ပြုမည့် သတင်းထုတ်ပြန်ချက်ကြောင့...

မြန်မာနိုင်ငံ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကားဟောင်းအပ်နှံပြီး လျှပ်စစ်သုံးယာဉ် (EV) ဖြင့် အစားထိုးလဲလှယ်ခွင့်ပြုမည့် သတင်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်းကားဈေးကွက်အတွင်း ကမောက်ကမဖြစ်မှုများနှင့် ကောလာဟလများ ထွက်ပေါ်နေသော်လည်း ရှေးဟောင်း Classic ကားဈေးကွက်အပေါ်တွင်မူ တစ်စုံတစ်ရာ ရိုက်ခတ်မှုမရှိကြောင်း ရန်ကုန်-မန္တလေး ကားဝယ်ရောင်းအသိုက်အဝန်းမှ သိရသည်။ပြီးခဲ့သည့် မေလ ၂၈ ရက်က သက်တမ်း (၂၀) နှစ်ကျော်ယာဉ်များနှင့် ပြင်ဆင်မမောင်းနှင်နိုင်သည့် ယာဉ်များကို အပ်နှံကာ EV ကားများနှင့် အစားထိုးလဲလှယ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း Classic ကားလောကသည် ဝါသနာအရ စုဆောင်းသူများနှင့် ငွေကြေးတတ်နိုင်သူများအကြား သီးသန့်အရောင်းအဝယ်ဖြစ်နေသည့် ဈေးကွက်ဖြစ်၍ ဂယက်မရိုက်ခတ်ဘဲ ပုံမှန်အတိုင်း လည်ပတ်နေခြင်းဖြစ်သည်။အစိုးရအနေဖြင့်လည်း ရှေးဟောင်းသမိုင်းဝင်ကားများ တန်ဖိုးထားထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ သက်တမ်းတိုးခြင်းမရှိသဖြင့် မှတ်ပုံတင်ဖျက်သိမ်းခံထားရသည့် ၁၉၈၀ မော်ဒယ်နှင့် ၎င်းမတိုင်မီ ကားဟောင်းများကို ဒဏ်ကြေးပေးဆောင်ကာ Classic ကားအဖြစ် ပြန်လည်မှတ်ပုံတင်ခွင့်ပြုသည့် အစီအစဉ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ သတ်မှတ်ကာလတစ်ခုအနေဖြင့် ဆောင်ရွက်ပေးခဲ့ဖူးကြောင်း သိရသည်။

news-view-count-icon

26