မန္တလေး-တံတားဦး ရထားလမ်းပိုင်းတွင် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် RBE ရထားခရီးစဉ်အသစ်ကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ တစ်နေ့လျှင် နံနက်ပိုင်းနှင့် ညနေပိုင်း နှစ်ကြိမ်နှုန်းဖြင့် အသွားအပြန် ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။ နံနက်ပိုင်းခရီးစဉ်အဖြစ် မန္တလေးမှ နံနက် ၅ နာရီတွင် ထွက်ခွာ၍ တံတားဦးသို့ နံနက် ၆ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ပြီး၊ တံတားဦးမှ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာကာ မန္တလေးသို့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်။ ညနေပိုင်းခရီးစဉ်အဖြစ် မန္တလေးမှ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ထွက်ခွာ၍ တံတားဦးသို့ ည ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး၊ တံတားဦးမှ ည ၇ နာရီ ၁၅ မိနစ်တွင် ထွက်ခွာကာ မန္တလေးသို့ ည ၈ နာရီ ၄၅ မိနစ်တွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်။ ခရီးစဉ်အစမှ အဆုံးထိ ရထားလက်မှတ်ခကို ငွေကျပ် ၁,၅၀၀ သတ်မှတ်ထားပြီး လမ်းခရီးတစ်လျှောက်ရှိ ရှမ်းစု၊ မြို့ဟောင်း၊ မြစ်ငယ်နှင့် ပုလိပ်ဘူတာတို့တွင် ရပ်နားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Jul 02 • 3:16 AM
Myanmar
Mandalay
Share
| 37 | 0 | 0 | 0 |


