back

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာတွဲ တစ်နိုင်ငံလုံးပထမရ မစုမြတ်အောင်အား ပညာရေးကို အားပေးမြှင့်တင်သူများမှ ဂုဏ်ပြုဆုနှင့် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်

Jul 02 • 3:14 AM

breaking-news

Myanmar

Local

cover

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာတွဲ တစ်နိုင်ငံလုံးပထမရ မစုမြတ်အောင်အား ပညာရေးကို အားပေးမြှင့်တင်သူများမှ ဂုဏ်ပြုဆုနှင့် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမဆု (The Whole Burma First) ကို ဆွတ်ခူးရရှိခဲ့သည့် ကျောင်းသူ မစုမြတ်အောင်အား ပညာရ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမဆု (The Whole Burma First) ကို ဆွတ်ခူးရရှိခဲ့သည့် ကျောင်းသူ မစုမြတ်အောင်အား ပညာရေးကို အားပေးမြှင့်တင်သူများမှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၃၀) တိတိကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မစုမြတ်အောင် တက္ကသိုလ်ပညာရပ်များ ဆက်လက်သင်ယူရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကျောင်းတက်ရောက်မည့် လများအတွင်း လစဉ် ပညာသင်ထောက်ပံ့ကြေး ကျပ် (၂) သိန်းကိုလည်း ပုံမှန်ပံ့ပိုးပေးသွားမည် ဖြစ်သည်။၎င်းတို့ အနေဖြင့် မစုမြတ်အောင်၏ ထူးချွန်ပြောင်မြောက်သည့် အောင်မြင်မှုအတွက် အထူးဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် ၎င်း၏ ဇွဲလုံ့လ ဝီရိယရှိရှိ ကြိုးစားအားထုတ်မှုသည် အခြားကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် အားကျအတုယူဖွယ်ရာ စံနမူနာကောင်းတစ်ရပ် ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

news-view-count-icon

59