ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ စည်းမျဉ်းသစ် (Circular 10/2026/TT-BCA) အရ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းသားများကို ၎င်းတို့၏ မိသားစုဝင်များနှင့် တစ်လလျှင် တစ်ကြိမ် ဗီဒီယိုစနစ်ဖြင့် ဖုန်းခေါ်ဆို ဆက်သွယ်ခွင့် ပြုခဲ့သည်ဖြစ်သည်။အဆိုပါ ဗီဒီယိုခေါ်ဆိုခွင့်ကို ပြစ်ဒဏ်ကျခံနေရစဉ်အတွင်း စည်းကမ်းကောင်းမွန်စွာ လိုက်နာသော အကျဉ်းသားများကိုသာ ခွင့်ပြုမည်ဖြစ်ပြီး ခေါ်ဆိုချိန်ကို အများဆုံး ၁၀ မိနစ်အထိ ကန့်သတ်ထားသည်။ ခေါ်ဆိုမှုကုန်ကျစရိတ်ကို အကျဉ်းသားဘက်မှ ကျခံရမည်ဖြစ်သည်။ သို့သော်လည်း အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် ရာဇဝတ်မှုကျူးလွန်ထားသူများ သို့မဟုတ် စည်းကမ်းဖောက်ဖျက်မှုကြောင့် အပြစ်ပေးခံထားရသူများကိုမူ ယခုအခွင့်အရေး ပေးမည်မဟုတ်ပေ။ ဤစနစ်သစ်သည် အကျဉ်းသားများ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာစေရန်နှင့် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် မိသားစုနှင့် ရေရှည်ချိတ်ဆက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
Jul 02 • 3:13 AM
Vietnam
Local News
Share
| 7 | 0 | 0 | 0 |


