back

ကရင်ပြည်နယ်၊မြဝတီမြို့၌ ခြင်ဆေးခွေထွန်းရာမှ မီးလောင်မှုဖြစ်ပွားပြီး (၂) လသားအရွယ် ကလေးငယ်သေဆုံးကာ ဖခင်ဖြစ်သူ ဒဏ်ရာရရှိ

Jul 02 • 3:12 AM

breaking-news

Myanmar

Kayin

cover

ကရင်ပြည်နယ်၊မြဝတီမြို့၌ ခြင်ဆေးခွေထွန်းရာမှ မီးလောင်မှုဖြစ်ပွားပြီး (၂) လသားအရွယ် ကလေးငယ်သေဆုံးကာ ဖခင်ဖြစ်သူ ဒဏ်ရာရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ တဲအိမ်တစ်လုံးတွင် ယနေ့ ဇူလိုင်လ ၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ခြင်ဆေးခွေထွန်းရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ...

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ တဲအိမ်တစ်လုံးတွင် ယနေ့ ဇူလိုင်လ ၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ခြင်ဆေးခွေထွန်းရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် (၂) လသားအရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ဖခင်ဖြစ်သူ မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ ပူးပေါင်းငြှိမ်းသတ်ခဲ့သဖြင့် ညနေ ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သော်လည်း တဲအိမ်ပေါ်ရှိ ပုခက်အတွင်း အိပ်ပျော်နေသည့် ကလေးငယ်မှာ မီးလောင်ဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့ပြီး၊ ဖခင်ဖြစ်သူမှာလည်း ကလေးကို ဝင်ရောက်ကယ်ဆယ်ရာမှ မီးလောင်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်၍ Z-Rescue အဖွဲ့က မြဝတီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

21