လာအိုနိုင်ငံအစိုးရသည် နိုင်ငံအတွင်းရှိ လစာနည်းဝန်ထမ်းများနှင့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ရန်အတွက် တစ်ကိုယ်ရေဝင်ငွေခွန် (Personal Income Tax) စည်းမျဉ်းများကို ပြင်ဆင်လိုက်သည်။ စည်းမျဉ်းသစ်အရ လစဉ် အခွန်ကင်းလွတ်ခွင့်ပြုမည့် အခြေခံဝင်ငွေအဆင့် (Tax-free threshold) ကို ယခင်ပမာဏထက် တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။ဤပြင်ဆင်မှုကြောင့် ဝင်ငွေနည်းပါးသော အစိုးရနှင့် ပုဂ္ဂလိကဝန်ထမ်းများ အခွန်ပေးဆောင်ရမှု သက်သာသွားမည် ဖြစ်သည်။ ထို့ပြင် အစိုးရအနေဖြင့် အခွန်ကောက်ခံမှုစနစ်ကို ပိုမိုခေတ်မှီပြီး တရားမျှတမှုရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကာ နိုင်ငံသားများ၏ လက်ကျန်ဝင်ငွေကို တိုးပွားစေပြီး ပြည်တွင်းစားသုံးမှုကဏ္ဍကို မြှင့်တင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
Jul 02 • 2:34 AM
Laos
Local News
Share
| 8 | 0 | 0 | 0 |


