back

မန္တလေးမြို့၌ ဇွန်လကုန်ပိုင်းမှစတင်ကာ လျှပ်စစ်ဓာတ်အားများ ဆိုးရွားစွာ ပြတ်တောက်နေ

Jul 02 • 2:33 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့၌ ဇွန်လကုန်ပိုင်းမှစတင်ကာ လျှပ်စစ်ဓာတ်အားများ ဆိုးရွားစွာ ပြတ်တောက်နေ

မန္တလေးမြို့တွင် ဇွန်လကုန်ပိုင်းမှ စတင်ပြီး လျှပ်စစ်ဓာတ်အားများ ဆိုးရွားစွာ ပြတ်တောက်မှုများ ဖြစ်ပေါ်နေသဖြင့် အများပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း မြို့ခံမ...

မန္တလေးမြို့တွင် ဇွန်လကုန်ပိုင်းမှ စတင်ပြီး လျှပ်စစ်ဓာတ်အားများ ဆိုးရွားစွာ ပြတ်တောက်မှုများ ဖြစ်ပေါ်နေသဖြင့် အများပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း မြို့ခံများထံမှ သိရသည်။ လျှပ်စစ်ဓာတ်အားခွဲရုံများဘက်မှ ဝန်အားမနိုင်သဖြင့် ဓာတ်အားလျှော့ချပေးဝေနေရကြောင်းနှင့် ၄ နာရီလာ၊ ၄ နာရီပျက် စနစ်ဖြင့် ပေးဝေမည်ဟု အကြောင်းပြန်သော်လည်း လက်တွေ့တွင် မီးလာသည့် ၄ နာရီအတွင်း၌ပါ အကြိမ်ကြိမ် ထပ်မံပြတ်တောက်မှုများ ရှိနေသည်။ ထို့ပြင် ယခင်ကကဲ့သို့ မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းမှ ဓာတ်အားပြတ်တောက်မည့်အချိန်ကို ကြိုတင်အကြောင်းကြားခြင်း မရှိတော့ဘဲ ရုတ်တရက် ဖြတ်တောက်မှုများပြားလာသဖြင့် ဒေသခံပြည်သူများအနေဖြင့် လုပ်ငန်းဆောင်တာများ လုပ်ကိုင်ရာတွင် အဆင်မပြေဖြစ်ရုံမျှမက မီးလာချိန်နှင့် မီးပျက်ချိန်ကို တိကျမှန်ကန်စေချင်ကြောင်း ပြောဆိုနေကြသည်။

news-view-count-icon

23