back

တောင်ကိုရီးယားနိုင်ငံ၌ လှိုဏ်ခေါင်းလုပ်ငန်းခွင်အတွင်း မြန်မာလုပ်သားတစ်ဦး မြေတင်စက်ညှပ်၍ သေဆုံး

Jul 02 • 2:33 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယားနိုင်ငံ၌ လှိုဏ်ခေါင်းလုပ်ငန်းခွင်အတွင်း မြန်မာလုပ်သားတစ်ဦး မြေတင်စက်ညှပ်၍ သေဆုံး

တောင်ကိုရီးယားနိုင်ငံ၊ အာဆန်မြို့၊ အွန်ဘုန်းမြောင်ရှိ လှိုဏ်ခေါင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဇူလိုင်လ ၁ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီခန့်က လှိုဏ်ခေါင...

တောင်ကိုရီးယားနိုင်ငံ၊ အာဆန်မြို့၊ အွန်ဘုန်းမြောင်ရှိ လှိုဏ်ခေါင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဇူလိုင်လ ၁ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီခန့်က လှိုဏ်ခေါင်းအတွင်းမှ မြေကြီးများကို အပေါ်သို့ စက်ဖြင့်တင်ပေးနေစဉ် အသက် ၃၇ နှစ်အရွယ် မြန်မာလုပ်သား ကိုအောင်မင်းဦး (ခ) ပီတာဇင်ဦး သည် စက်အတွင်းသို့ ညှပ်မိပါသွားကာ ရုတ်တရက် သေဆုံးသွားခဲ့သည်။ အလုပ်သမားများ တစ်ဦးနှင့်တစ်ဦး အလှမ်းကွာဝေးစွာ အလုပ်လုပ်ကိုင်နေကြသဖြင့် စက်အတွင်း နာရီဝက်နီးပါး ညှပ်နေသည်ကို မသိရှိခဲ့ကြဘဲ နောက်မှ အခြားနိုင်ငံခြားသားလုပ်သားတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ရာ အဆိုပါမတော်တဆမှုနှင့် ပတ်သက်၍ ကိုရီးယားရဲတပ်ဖွဲ့နှင့် အလုပ်သမားရေးရာဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး လုပ်ငန်းခွင်ထိခိုက်မှုဖြစ်၍ လျော်ကြေးကိစ္စရပ်များကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ ကိုအောင်မင်းဦးတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၌ နေထိုင်သည့် ဇနီးနှင့် သားသမီး ၃ ဦး ကျန်ရစ်ကြောင်း သိရသည်။

news-view-count-icon

7