ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်၏သားဖြစ်သူ ဇာနည်သွေးအား အဓမ္မပြုကျင့်မှု အပါအဝင် ပြစ်မှုပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၂၅) နှစ် ကျခံစေရန် တောင်ကြီးခရိုင်တရားရုံးက ပြီးခဲ့သည့်ဇွန်လ ၂၉ ရက်နေ့တွင် အမိန့်ချမှတ်လိုက် ကြောင်း ယမန်နေ့ ဇွန်လ၁ရက်နေ့၌ ထုတ်ပြန်ခဲ့ပါသည်။ တရားရုံးက ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၃၇၆(၁) အရ အလုပ်နှင့်ထောင်ဒဏ် အနှစ် (၂၀)၊ ပုဒ်မ ၃၅၄ အရ အလုပ်နှင့်ထောင်ဒဏ် (၂) နှစ်နှင့် ပုဒ်မ ၃၈၄ အရ အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်၊ စုစုပေါင်း ပြစ်ဒဏ်များကို သီးခြားစီကျခံစေရန် အမိန့်ချခဲ့ခြင်း ဖြစ်သည်။ဖြစ်စဉ်မှာ ယခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့က အဆိုပါကျောင်းမှ Grade 12 ကျောင်းသူတစ်ဦးသည် နေမကောင်းသဖြင့် အဆောင်၌ ခွင့်တောင်းနားနေစဉ် ကျောင်းအုပ်၏သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၁၈ ရက်နေ့တွင် နစ်နာသူဘက်မှ နယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ပြီးနောက် ၎င်းနေ့မွန်းလွဲပိုင်းတွင်ပင် ကျူးလွန်သူ ဇာနည်သွေးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းအုပ်၏သား ဇာနည်သွေးအား အဓမ္မပြုကျင့်မှုအပါအဝင် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၂၅) နှစ် ချမှတ်
Jul 02 • 2:32 AM
Myanmar
Shan
Share
| 22 | 0 | 0 | 0 |


