back

လာအို၌ ယခုဇူလိုင်လဆန်းတွင် ဗီယင်ကျန်းမြို့ရှိ ခရိုင် ၄ ခု၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်

Jul 02 • 2:31 AM

breaking-news

Laos

Local News

cover

လာအို၌ ယခုဇူလိုင်လဆန်းတွင် ဗီယင်ကျန်းမြို့ရှိ ခရိုင် ၄ ခု၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်

လာအိုနိုင်ငံတော်လျှပ်စစ်ဓာတ်အားလုပ်ငန်း (EDL) က ဗီယင်ကျန်းမြို့တော်ရှိ အဓိကခရိုင် ၄ ခုတွင် ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကြိုးလိုင်းများရွှေ့ပြေ...

လာအိုနိုင်ငံတော်လျှပ်စစ်ဓာတ်အားလုပ်ငန်း (EDL) က ဗီယင်ကျန်းမြို့တော်ရှိ အဓိကခရိုင် ၄ ခုတွင် ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကြိုးလိုင်းများရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဇူလိုင်လဆန်းပိုင်းအတွင်း လျှပ်စစ်မီး ယာယီဖြတ်တောက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

မီးဖြတ်တောက်မည့် ခရိုင်များမှာ Xaythany, Chanthabouly, Sikhottabong နှင့် Sisattanak ခရိုင်တို့ ဖြစ်ကြသည်။ ဓာတ်အားဖြတ်တောက်မှုကို ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ သတ်မှတ်ရက်များအလိုက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း လုပ်ဆောင်သွားမည်ဖြစ်သည်။ EDL အနေဖြင့် ၎င်းတို့၏ ဝန်ထမ်းများ ဘေးကင်းလုံခြုံစွာ လုပ်ငန်းခွင်ဝင်နိုင်ရန် မီးဖြတ်ရခြင်းဖြစ်ပြီး သတ်မှတ်ချိန်ထက် စောစီးစွာ ပြုပြင်ပြီးစီးပါက မီးပြန်လည်လွှတ်ပေးမည်ဖြစ်ရာ ဒေသခံများအနေဖြင့် သတိပြုပြင်ဆင်ထားကြရန် နှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

12