back

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ဇနီးဖြစ်သူနှင့် ဖုန်းဖြင့်စကားများရာမှ ဒေါသထွက်ကာ ကား (၈) စီးကို မာစီးဒီးကားဖြင့် ဝင်တိုက်မှုဖြစ်ပွား

Jul 02 • 2:30 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ဇနီးဖြစ်သူနှင့် ဖုန်းဖြင့်စကားများရာမှ ဒေါသထွက်ကာ ကား (၈) စီးကို မာစီးဒီးကားဖြင့် ဝင်တိုက်မှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Wang Thong Lang ခရိုင်တွင် မနေ့ ညနေပိုင်းက မာစီးဒီးဘန့်စ် (Mercedes-Benz) ကားမောင်းနှင်လာသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးသည် ဇန...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Wang Thong Lang ခရိုင်တွင် မနေ့ ညနေပိုင်းက မာစီးဒီးဘန့်စ် (Mercedes-Benz) ကားမောင်းနှင်လာသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူနှင့် ဖုန်းဖြင့် စကားများရန်ဖြစ်ရာမှ စိတ်ဆိုးဒေါသထွက်ကာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ လမ်းပေါ်ရှိ အခြားယာဉ် (၈) စီးကို ဆက်တိုက်ဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဝင်တိုက်မှုကြောင့် လူ ၂ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး၊ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ယာဉ်မောင်းတွင် အရက်သေစာသောက်စားထားခြင်းနှင့် စိတ်ကျန်းမာရေးမကောင်းသည့် မှတ်တမ်းမျိုး မတွေ့ရှိရဘဲ စိတ်လိုက်မာန်ပါဖြစ်ခဲ့ခြင်းသာ ဖြစ်ကြောင်း သိရသည်။ လတ်တလောတွင် ယာဉ်မောင်းက ထိခိုက်နစ်နာသူများကို လျော်ကြေးပေးရန် ကတိပြုထားသော်လည်း၊ ရဲတပ်ဖွဲ့က သူ့အား မဆင်မခြင်မောင်းနှင်မှု၊ လူထိခိုက်ဒဏ်ရာရစေမှု၊ နိုင်ငံပိုင်ပစ္စည်းပျက်စီးစေမှုတို့ဖြင့် အမှုဖွင့်ထားပြီး ထိုင်းဥပဒေအရ ထောင်ဒဏ် ၁ လဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

news-view-count-icon

31