back

ရန်ကုန်မြို့၌ ပြန်ပေးဆွဲခံရဟန်ဆောင်၍ မိဘထံမှ ငွေကျပ်သိန်း (၁၀၀) လိမ်လည်တောင်းခံခဲ့သည့် သားနှင့် ရည်းစားဖြစ်သူ ဖမ်းဆီးခံရ

Jul 02 • 2:29 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့၌ ပြန်ပေးဆွဲခံရဟန်ဆောင်၍ မိဘထံမှ ငွေကျပ်သိန်း (၁၀၀) လိမ်လည်တောင်းခံခဲ့သည့် သားနှင့် ရည်းစားဖြစ်သူ ဖမ်းဆီးခံရ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်တွင် ပြန်ပေးဆွဲခံရဟန်ဆောင်ကာ မိဘများထံမှ ငွေကျပ်သိန်း (၁၀၀) လိမ်လည်တောင်းခံခဲ့သည့်အပြင်၊ ငွေမပေးပါက ပြည်သူ့စစ်မှုထမ်...

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်တွင် ပြန်ပေးဆွဲခံရဟန်ဆောင်ကာ မိဘများထံမှ ငွေကျပ်သိန်း (၁၀၀) လိမ်လည်တောင်းခံခဲ့သည့်အပြင်၊ ငွေမပေးပါက ပြည်သူ့စစ်မှုထမ်းစာရင်းတွင် ထည့်သွင်းခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့် သားဖြစ်သူ မောင်ငြိမ်းချမ်းဦးနှင့် ၎င်း၏ ရည်းစားဖြစ်သူတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဇွန်လ ၃၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၂၅ ရက်နေ့က မောင်ငြိမ်းချမ်းဦးသည် အလုပ်သွားရာမှ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် မိသားစုဝင်များက လူမှုကွန်ရက်ပေါ်တွင် လူပျောက်ကြော်ငြာတင်၍ ရှာဖွေခဲ့ကြရာမှတစ်ဆင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လိမ်လည်မှုပေါ်ပေါက်ခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

58