back

ရန်ကုန်မြို့၌ ဆိုင်ကယ်များကို ဘေးတွဲပြောင်းလဲအသုံးပြုပါက ထောင်ဒဏ်နှင့် ငွေဒဏ်များဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ်

Jul 02 • 2:25 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့၌ ဆိုင်ကယ်များကို ဘေးတွဲပြောင်းလဲအသုံးပြုပါက ထောင်ဒဏ်နှင့် ငွေဒဏ်များဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်များကို ဘေးတွဲတပ်ဆင်၍ ပြောင်းလဲအသုံးမပြုကြရန်နှင့် လိုက်နာခြင်းမရှိပါက အမြင့်ဆုံးထောင်ဒဏ် (၃) နှစ်အထိ ချမှတ်နိုင်သည့် မော်တော...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်များကို ဘေးတွဲတပ်ဆင်၍ ပြောင်းလဲအသုံးမပြုကြရန်နှင့် လိုက်နာခြင်းမရှိပါက အမြင့်ဆုံးထောင်ဒဏ် (၃) နှစ်အထိ ချမှတ်နိုင်သည့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) က သတိပေးထားကြောင်း လိုင်စင်အကျိုးဆောင်များထံမှ သိရသည်။ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ရန်ကုန်၌ ဆိုင်ကယ်စီးခွင့်ပြုထားသည့် မြို့နယ်များတွင် လိုင်စင်သက်တမ်းတိုးသူများကို ဘေးတွဲပြောင်းလဲအသုံးမပြုကြောင်း ခံဝန်ကတိစာချုပ် ရေးထိုးခိုင်းနေခြင်း ဖြစ်သည်။အဆိုပါ ခံဝန်ကတိစာချုပ်ကို ဖောက်ဖျက်ပါက ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၅ အရ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး၊ ပုဒ်မ ၉၆ အရလည်း ကျပ် ၃၀,၀၀၀ ထက်မပိုသော ဒဏ်ငွေ ချမှတ်နိုင်ကြောင်း သိရသည်။

news-view-count-icon

44