တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖျင်သည် ရေကြီးရေလျှံမှုထိန်းချုပ်ရေး၊ မိုးခေါင်ရေရှားမှု လျော့ပါးရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းစဉ်များကို လေ့လာစီစဉ်ရန်အတွက် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအစည်းအဝေးကို ဇွန်လ ၃၀ ရက်က ကြီးမှူးကျင်းပခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်၏ အဓိကရေကြီးရေလျှံရာသီတွင် ပုံမှန်ထက် ပိုမိုဆိုးဝါးသော ရာသီဥတုဖောက်ပြန်မှုများနှင့်အတူ မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းဘေးအန္တရာယ် ၂ မျိုးစလုံး တစ်ပြိုင်နက်တည်း ကြုံတွေ့ရနိုင်ကြောင်း အစည်းအဝေး၌ သုံးသပ်ခဲ့သည်။ သို့ဖြစ်ရာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် ဒေသအသီးသီးနှင့် သက်ဆိုင်ရာဌာနများအားလုံးအနေဖြင့် အရေးပေါ်တုံ့ပြန်ရေးနှင့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ ခိုင်မာပြတ်သားသော စီမံအစီအမံများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် အစည်းအဝေးက တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။



