back

မြန်မာအမျိုးသမီးများနေ့အကြိုပွဲတွင် ဇာတ်သဘင်အနုပညာရှင် အောင်ဇမ္ဗူနှင့် စမ်းရေမိုးတို့ ချစ်စရာကောင်းသော အကအလှများဖြင့် ပါဝင်ဆင်နွှဲ

Jul 02 • 1:59 AM

breaking-news

Myanmar

Local

cover

မြန်မာအမျိုးသမီးများနေ့အကြိုပွဲတွင် ဇာတ်သဘင်အနုပညာရှင် အောင်ဇမ္ဗူနှင့် စမ်းရေမိုးတို့ ချစ်စရာကောင်းသော အကအလှများဖြင့် ပါဝင်ဆင်နွှဲ

လာမည့် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် "ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးမ...

လာမည့် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် "ပုလဲရတု စွမ်းအားပြု၊ ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ" ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဖျော်ဖြေပွဲအခမ်းအနားတွင် ဇာတ်သဘင်အနုပညာရှင်မင်းသားလေး အောင်ဇမ္ဗူနှင့် စမ်းရေမိုးတို့က ချစ်စရာကောင်းသော ရိုးရာအကအလှများဖြင့် ပါဝင်ကပြဖျော်ဖြေခဲ့ကြသည်။ အဆိုပါ အခမ်းအနားကို ဇူလိုင်လ ၁ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။အဆိုပါပွဲတွင် ခေတ်အဆက်ဆက် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြပွဲများ၊ တေးသီချင်းသီဆိုမှုများနှင့်အတူ အောင်ဇမ္ဗူနှင့် စမ်းရေမိုးတို့၏ စွဲမက်ဖွယ်ရာ ကပြဖျော်ဖြေမှု ပုံရိပ်များက ပွဲတက်ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

news-view-count-icon

74