back

ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင် (၈) ခု၌ ယခုနှစ်တွင် ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၉ ကျောင်းအထိ ဖွင့်လှစ်ခွင့်ပြုထား

Jul 02 • 1:46 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင် (၈) ခု၌ ယခုနှစ်တွင် ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၉ ကျောင်းအထိ ဖွင့်လှစ်ခွင့်ပြုထား

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၈) ခုတွင် ယခုနှစ်အတွက် ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၉ ကျောင်းအထိ ဖွင့်လှစ်ခွင့်ပြုထားကြောင်း ရ...

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၈) ခုတွင် ယခုနှစ်အတွက် ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၉ ကျောင်းအထိ ဖွင့်လှစ်ခွင့်ပြုထားကြောင်း ရှမ်းပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်းတွင် ယမန်နှစ်က ကိုယ်ပိုင်ကျောင်း ၉၆ ကျောင်းရှိခဲ့ရာမှ ၃ ကျောင်း ပိတ်သိမ်းခဲ့သဖြင့် ၉၃ ကျောင်းသာ ကျန်ရှိတော့သော်လည်း၊ ယခုနှစ်တွင် မူလတန်း (၁၂) ကျောင်းနှင့် အထက်တန်း (၄) ကျောင်း၊ စုစုပေါင်း ကျောင်းအသစ် ၁၆ ကျောင်း ထပ်မံတိုးလာခဲ့ခြင်းဖြစ်သည်။ အသစ်တိုးလာသည့် ကျောင်းများမှာ တောင်ကြီးတွင် ၆ ကျောင်း၊ နမ့်စန်တွင် ၃ ကျောင်း၊ ကလောတွင် ၂ ကျောင်းနှင့် ကွန်ဟိန်း၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်း၊ ဟိုပုံးမြို့နယ်တို့တွင် ၁ ကျောင်းစီ ဖြစ်ကြသည်။ရှမ်းပြည်တောင်ပိုင်းတွင် တောင်ကြီးမြို့နယ်သည် ကိုယ်ပိုင်ကျောင်းအများဆုံး တည်ရှိရာဒေသဖြစ်ပြီး စုစုပေါင်း ၄၉ ကျောင်းရှိကြောင်း သိရသည်။ တောင်ကြီးမြို့နယ်၌ ယခင်က ကိုယ်ပိုင်ကျောင်း ၄၅ ကျောင်းရှိခဲ့သော်လည်း အောင်မြေသစ်ကျောင်းနှင့် Aung Brother ကျောင်းတို့ကို စည်းကမ်းချက်နှင့် ကိုက်ညီမှုမရှိသဖြင့် ပိတ်သိမ်းအရေးယူခဲ့ရာမှ ကျောင်း ၄၃ ကျောင်းသာ ကျန်ရှိခဲ့ပြီး ယခုနှစ် ကျောင်းအသစ် ၆ ကျောင်း ထပ်တိုးလာခြင်းဖြစ်သည်။ ပညာရေးရုံး တာဝန်ရှိသူများအနေဖြင့် ကိုယ်ပိုင်ကျောင်းများ စည်းကမ်းချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိကို အချိန်နှင့်တစ်ပြေးညီ လိုက်လံစိစစ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

28