နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း (၂) မှ ၄ ခန်းတွဲ ၄ ထပ် (အိပ်ခန်း ၂ ခန်းပါ) တိုက်ခန်းများကို ဝယ်ယူရန် လျှောက်ထားသူများအား ဇူလိုင်လ ၁ ရက်နေ့တွင် Digital Spin မဲစနစ်ဖြင့် မြေညီထပ်မှ တတိယထပ်အထိ အစဉ်လိုက် မဲနှိုက်နေရာချထားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခန်းနေရာချထားပေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မနက်ဖြန် ဇူလိုင်လ ၂ ရက်နေ့တွင်လည်း ၄ ခန်းတွဲ ၄ ထပ် (အိပ်ခန်း ၃ ခန်းပါ) တိုက်ခန်းများကို Digital Spin မဲစနစ်ဖြင့် ထပ်မံမဲနှိုက်နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာအပိုင်း (၂) ရှိ တိုက်ခန်းများကို Digital Spin စနစ်ဖြင့် မဲနှိုက်နေရာချထားပေး
Jul 01 • 12:56 PM
Myanmar
Naypyidaw
Share
| 24 | 0 | 0 | 0 |


