ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပလက်ဖောင်းအား ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က အရေးပေါ်ပိတ်သိမ်းမှု (Shut Down) ပြုလုပ်ခဲ့ရသဖြင့် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း 249 MWခန့် လျော့နည်းသွားပြီး မြို့နယ်အချို့၌ ယာယီမီးပျက်တောက်မှုများ ရှိလာနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားသည်။ အဆိုပါ အရေးပေါ်ပိတ်သိမ်းမှုကြောင့် ရတနာကမ်းလွန်ဓာတ်ငွေ့ဖြင့် လည်ပတ်နေသည့် အလုံ Toyo Thai၊ သာကေတ U-Energy နှင့် သာကေတ Max Power ဓာတ်အားပေးစက်ရုံများပါ လည်ပတ်မှုယာယီရပ်တန့်သွားခဲ့ရကြောင်း သိရသည်။
ရတနာကမ်းလွန်ဓာတ်ငွေ့ပလက်ဖောင်း အရေးပေါ်ပိတ်လိုက်ရသဖြင့် ရန်ကုန်မြို့နယ်အချို့တွင် ယာယီမီးပျက်နိုင်ဟု YESC ထုတ်ပြန်
Jul 01 • 12:55 PM
Myanmar
Yangon
Share
| 28 | 0 | 0 | 0 |


