back

ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်လာစေရန် တရုတ်နိုင်ငံ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်

Jul 01 • 12:51 PM

breaking-news

China

Local News

cover

ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်လာစေရန် တရုတ်နိုင်ငံ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်

တရုတ်နိုင်ငံအနေဖြင့် သတ်မှတ်လျာထားသည့် အချိန်ကာလအတွင်း အမျိုးသားကာကွယ်ရေးနှင့် စစ်တပ်ကို ခေတ်မီအောင် အပြီးသတ်တည်ဆောက်ကာ ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ...

တရုတ်နိုင်ငံအနေဖြင့် သတ်မှတ်လျာထားသည့် အချိန်ကာလအတွင်း အမျိုးသားကာကွယ်ရေးနှင့် စစ်တပ်ကို ခေတ်မီအောင် အပြီးသတ်တည်ဆောက်ကာ ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်လာစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး၊ စစ်တပ်တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် ရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်ရန်နှင့် ကမ္ဘာ့အဆင့်မီ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖြစ်လာစေရေး ကြိုးပမ်းခြင်းဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးအနက်ထား ပြောဆိုခဲ့သည်။

news-view-count-icon

17