ရန်ကုန်ကလေးဆေးရုံကြီးတွင် ရင်ချင်းဆက်အမြွှာမိန်းကလေးများအား ခွဲစိတ်ခွဲထုတ်ကုသမှု (Separation Surgery) ကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ပြီးနောက်၊ ခွဲစိတ်ပြီး ၁၉ ရက်ပြည့်မြောက်ချိန်တွင် ကလေးနှစ်ဦးစလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကာ တစ်ဦးစီ သီးသန့် ပျော်ရွှင်စွာ သွားလာလှုပ်ရှားနိုင်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။အဆိုပါ ရင်ချင်းဆက်အမြွှာမိန်းကလေးများကို ပခုက္ကူမြို့နေ အသက် ၃၁ နှစ်အရွယ် မိခင်ဖြစ်သူက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး) ၌ ခွဲစိတ်မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်များ မွေးဖွားချိန်မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)၊ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး (မန္တလေး) နှင့် ကလေးဆေးရုံကြီး (ရန်ကုန်) တို့တွင် အဆင့်ဆင့် အထူးကြပ်မတ် ပြုစုစောင့်ရှောက်မှုများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရင်ချင်းဆက်အမြွှာမိန်းကလေးများ ခွဲစိတ်အောင်မြင်ပြီး ၁၉ ရက်အကြာ ကျန်းမာစွာ သီးသန့်သွားလာလှုပ်ရှားနိုင်နေပြီဖြစ်
Jul 01 • 12:48 PM
Myanmar
Yangon
Share
| 16 | 0 | 0 | 0 |


