ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့်မဆုံးရှုံးစေရန် ဇွန်လ ၁၅ ရက်က စတင်ကျင်းပခဲ့သည့် Placement Test စာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှ ကျောင်းသား/သူ ၁၈၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ၊ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည့်ရလဒ်အရ တစ်ဆင့်မြင့်တန်း တက်ရောက်ခွင့်ရရှိသူ ၅၇ ဦးနှင့် ဖြေဆိုသည့် အတန်းများ၌ပင် ဆက်လက်တက်ရောက်ခွင့်ရရှိသူ ၁၃၀ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ယင်းအနက် တစ်ဆင့်မြင့်တန်း တက်ရောက်ခွင့်ရရှိသူများတွင် Grade-2 ၌ ၁၅ ဦး၊ Grade-3 ၌ ၁၉ ဦး၊ Grade-4 ၌ ၁၅ ဦး၊ Grade-5 ၌ ၄ ဦးနှင့် Grade-6 ၌ ၄ ဦးစီ ပါဝင်ပြီး အဆိုပါ ကျောင်းသား/သူများအား ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ဖောင်းပြင်မြို့နယ်၌ Placement Test ဖြေဆိုပြီးနောက် အတန်းတင်ခွင့်ရရှိသူများနှင့် အတန်းတက်ခွင့်ရရှိသူများ စာရင်းထုတ်ပြန်
Jul 01 • 12:49 PM
Myanmar
Sagaing
Share
| 18 | 0 | 0 | 0 |


