back

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်

Jul 01 • 12:48 PM

breaking-news

Myanmar

Bago

cover

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတောင...

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတောင်း-တောင်ကုတ်လမ်း၊ မိုင်တိုင်အမှတ် (၂၀/၂) ရှိ လဲကျေးရွာအနီးတွင် သစ်ပင်လဲကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ လမ်းပေါ်သို့ လဲကျနေသည့် သစ်ပင်အား ဖယ်ရှားရှင်းလင်းရန်အတွက် ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ဥသျှစ်ကုန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ လမ်းကြောင်းအမြန်ပွင့်စေရေးအတွက် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

9