ဆေးတက္ကသိုလ် (၁) ရန်ကုန်က ၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ဆေးပညာဒီပလိုမာ (Diploma) သင်တန်း ၆ မျိုးနှင့် ဆေးပညာမဟာသိပ္ပံ (M.Med.Sc) သင်တန်း ၃၀၊ စုစုပေါင်း ဘွဲ့လွန်ဆေးပညာသင်တန်း ၃၆ မျိုးအတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် နိုင်ငံ့ဝန်ထမ်းဆရာဝန်များထံမှ လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ဖွင့်လှစ်မည့် ဆေးပညာဒီပလိုမာသင်တန်းများတွင် တီဘီနှင့်ရင်ခေါင်းရောဂါကုပညာ၊ ကာလသားရောဂါနှင့် HIV ကူးစက်ရောဂါပညာ၊ သွေးသွင်းကုသခြင်းဆိုင်ရာဆေးပညာ၊ ဆေးလက်တွေ့ဆိုင်ရာဆေးဝါးဗေဒ၊ အထူးကြပ်မတ်ကုသမှုဆိုင်ရာနှင့် အခြေခံအရေးပေါ်ကုသမှု (Online) သင်တန်းတို့ ပါဝင်သည်။ အလားတူ M.Med.Sc သင်တန်းများတွင် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ဆေးဝါးဗေဒ၊ အဏုဇီဝဗေဒ၊ ရောဂါဗေဒ၊ အရေးပေါ်ကုသမှုဆေးပညာ၊ ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့်မီးယပ်ပညာ၊ ကလေးကျန်းမာပညာနှင့် ဓာတ်မှန်ပညာ အပါအဝင် သင်တန်းပေါင်း ၃၀ ကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jul 01 • 12:47 PM
Myanmar
Yangon
Share
| 11 | 0 | 0 | 0 |


