back

ချင်းပြည်နယ်၊ တီးတိန်မြို့အား ဇာရွှီးရေအားလျှပ်စစ်စက်ရုံနှင့် ဒီဇယ်ဓာတ်အားပေးစက်ရုံတို့မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိ

Jul 01 • 12:46 PM

breaking-news

Myanmar

Chin

cover

ချင်းပြည်နယ်၊ တီးတိန်မြို့အား ဇာရွှီးရေအားလျှပ်စစ်စက်ရုံနှင့် ဒီဇယ်ဓာတ်အားပေးစက်ရုံတို့မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဇာရွှီးရေအားလျှပ်စစ်စက်ရုံရှိ 200 KW စက်နှစ်လုံးမှ 240 KWနှင့် 300 KWဒီဇယ်ဓာတ်အားပေးစက်ရုံမှ 180 KWတို့ဖြင့် လျှပ်စစ်ဓာတ်အားကို ဖ...

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဇာရွှီးရေအားလျှပ်စစ်စက်ရုံရှိ 200 KW စက်နှစ်လုံးမှ 240 KWနှင့် 300 KWဒီဇယ်ဓာတ်အားပေးစက်ရုံမှ 180 KWတို့ဖြင့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။အဆိုပါအခြေအနေများနှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က တီးတိန်မြို့၌ ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းကော်မတီဝင်များနှင့်အတူ အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

8