၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၂၇ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်းရှိ (၆) ကွေ့မှတ်တိုင်အနီး၌ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သည်။အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီးနှင့် မြောက်ဥက္ကလာပနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ် ၁ စီး၊ စုစုပေါင်း မီးသတ်ရေယာဉ် ၂ စီးဖြင့် ထွက်ခွာ၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 01 • 12:44 PM
Myanmar
Yangon
Share
| 8 | 0 | 0 | 0 |


