back

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရေး ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေ

Jul 01 • 9:30 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရေး ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ရေကြီးရေလျှံမှုဘေးမှ ကာကွယ်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က ဘဏ္ဍာနှစ်အလိုက် ကမ်းထိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ရေကြီးရေလျှံမှုဘေးမှ ကာကွယ်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က ဘဏ္ဍာနှစ်အလိုက် ကမ်းထိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ်အတွင်းက စံချိန်တင်မြစ်ရေကြီးမှုကြောင့် မြို့ဧရိယာ၏ ၄၀ ရာခိုင်နှုန်းခန့်အထိ ရေကြီးနစ်မြှုပ်မှု ကြုံတွေ့ခဲ့ရပြီးနောက် ယခုကဲ့သို့ ကာကွယ်ရေးလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်လာခြင်း ဖြစ်သည်။လက်ရှိတွင် ဧရာဝတီမြစ်နှင့် ထိစပ်နေသည့် ရေမိုင် ၁၈ မိုင်အတွင်း၌ ရေလျှံတားနံရံများ၊ ကမ်းထိန်းတမံများနှင့် ရေထိန်းတံခါးများ တည်ဆောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နေသည်။ အဆိုပါ လုပ်ငန်းခွင်များသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး၊ ပြည်သူများ ရေကြီးရေလျှံမှုဒဏ်မှ ကင်းဝေးစေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

14