မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတွင် အမှတ် (၈၄) အစုန် DEMU အမြန်ရထား စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၁ နာရီက မော်လမြိုင်ဘူတာကြီး၊ အမှတ် (၁) စင်္ကြန်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ခေတ်မီ DEMU ရထားအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံသာရည်များ ပက်ဖြန်းခဲ့ကြပြီး၊ ရထားပေါ်တွင် လိုက်ပါမည့် ခရီးသွားပြည်သူများကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 01 • 9:29 AM
Myanmar
Mon
Share
| 17 | 0 | 0 | 0 |


