back

အလုပ်သမားဝန်ကြီးဌာနနှင့် IOM ရွှေ့ပြောင်းလုပ်သားရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

Jul 01 • 9:28 AM

breaking-news

Myanmar

Local

cover

အလုပ်သမားဝန်ကြီးဌာနနှင့် IOM ရွှေ့ပြောင်းလုပ်သားရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရုံးအကြီးအကဲ Mr. Daihei Mochizuki ဦးဆောင်သည့် ကိုယ်စာ...

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရုံးအကြီးအကဲ Mr. Daihei Mochizuki ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းက ဝန်ကြီးဌာန ယာယီရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့အကြား ရွှေ့ပြောင်းလုပ်သားရေးရာကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ IOM ဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာနှင့် ပြည်တွင်းခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (MRC) များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

news-view-count-icon

15