၁.၇.၂၀၂၆ ရက်နေ့ နံနက် ၀၈:၃၀ အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ အထည်အရောင်းဆိုင်အတွင်းသို့ မြွေတစ်ကောင် ဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် မူဆယ်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးပေးခဲ့သည်။ အဆိုပါ ဝင်ရောက်နေသည့် မြွေအား ဘေးအန္တရာယ်မရှိစေရန် အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ဘေးလွတ်ရာ တောတွင်းတစ်နေရာသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊မူဆယ်မြို့ရှိ အထည်အရောင်းဆိုင်အတွင်း ဝင်ရောက်နေသည့် မြွေအား မီးသတ်တပ်ဖွဲ့ဝင်များ ဖမ်းဆီးပေး
Jul 01 • 9:27 AM
Myanmar
Shan
Share
| 13 | 0 | 0 | 0 |


