back

တိုင်ကြားစာများတွင် အများပြည်သူနှင့် သက်ဆိုင်သည်များကို ဦးစားပေးဖြေရှင်းရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ မှာကြား

Jul 01 • 9:26 AM

breaking-news

Myanmar

Mon

cover

တိုင်ကြားစာများတွင် အများပြည်သူနှင့် သက်ဆိုင်သည်များကို ဦးစားပေးဖြေရှင်းရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ မှာကြား

မွန်ပြည်နယ်အတွင်းမှ ပေးပို့လာသော တိုင်ကြားစာများအနက် အများပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဦးစားပေးဖြေရှင်းပေးရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဇွန်လ ၃၀ ...

မွန်ပြည်နယ်အတွင်းမှ ပေးပို့လာသော တိုင်ကြားစာများအနက် အများပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဦးစားပေးဖြေရှင်းပေးရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဇွန်လ ၃၀ ရက်တွင် ပြုလုပ်သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ၌ မှာကြားခဲ့သည်။ ထိုသို့ ဦးစားပေးဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အဆင်ပြေစေရေး ညှိနှိုင်းကူညီဆောင်ရွက်ပေးရန်နှင့် နောင်ကျင်းပမည့် တတိယပုံမှန်အစည်းအဝေးတွင် အဆိုနှင့် မေးခွန်းများ တင်သွင်းမေးမြန်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ ယင်းအစည်းအဝေးတွင် လွှတ်တော်ကော်မတီ ၆ ခု၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်ကြားစာအမှုတွဲများနှင့် ဒုတိယပုံမှန်အစည်းအဝေး၌ မေးမြန်းခဲ့သော အဆို/မေးခွန်းများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

17