မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ပထမ ၁၀ ရက်ပတ် (ဇူလိုင် ၁ ရက်မှ ၁၀ ရက်အထိ) အတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၄ ခုတို့တွင် မိုးရွာသွန်းမှုမှာ ရွာသွန်းမြဲထက် ပိုနိုင်ကြောင်း သိရသည်။ ရွာသွန်းမြဲထက် ပိုနိုင်မည့် ဒေသများမှာ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့ ဖြစ်သည်။ အလားတူ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင်မူ ရွာသွန်းမြဲခန့်သာ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။
Jul 01 • 9:25 AM
Myanmar
Local
Share
| 14 | 0 | 0 | 0 |


