မြန်မာ့မီးရထားသည် ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်–မော်လမြိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မွမ်းမံခြင်းလုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ထိုသို့ လမ်းပိုင်းအဆင့်မြှင့်တင်ရာတွင် မြေသားတာပေါင်ကျဉ်းသည့်နေရာများကို မြေဖို့ခြင်း၊ လမ်းခင်းကျောက်များ ထပ်မံဖြည့်တင်းခြင်းနှင့် လမ်းမြှောက်ပက်ကင်ရိုက်ခြင်းတို့ လုပ်ဆောင်ခဲ့သဖြင့် ရထားမောင်းနှင်နှုန်းကို တစ်နာရီလျှင် အများဆုံး ၇၅ ကီလိုမီတာအထိ တိုးမြှင့်ပြေးဆွဲနိုင်လာခဲ့သည်။ အဆိုပါ လမ်းပိုင်းအဆင့်မြှင့်တင်မှုကြောင့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ လေအေးပေးစက်တပ်ဆင်ထားသည့် ခေတ်မီ DEMU လူစီးအမြန်ရထားကို စတင်ပြေးဆွဲပေးနေပြီဖြစ်ရာ ယခင် ၈ နာရီခွဲခန့် ကြာမြင့်ခဲ့သော ရန်ကုန်–မော်လမြိုင် ခရီးစဉ်မှာ ယခုအခါ ၆ နာရီခန့်သာ ကြာမြင့်တော့မည်ဖြစ်ကြောင်း သိရသည်။
ယခင် ရှစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည့် ရန်ကုန်–မော်လမြိုင် ခရီးစဉ်မှာ ယခုအခါ ခြောက်နာရီခန့်သာ ကြာမြင့်တော့မည်
Jul 01 • 10:14 AM
Myanmar
Local
Share
| 18 | 0 | 0 | 0 |


