မျိုးပွားနိုင်သည့် အသက်အရွယ်ရှိ အမျိုးသမီး ၈ ဦးတွင် ၁ ဦးနှုန်းဖြစ်ပွားနေပြီး တစ်ကမ္ဘာလုံး၌ ဖြစ်ပွားသူဦးရေ သန်း ၁၇၀ ဝန်းကျင်ရှိသည့် “မျိုးဥအိမ် ရေအိတ်တည်ခြင်းရောဂါ” (Polycystic Ovary Syndrome - PCOS) အား “အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ” (Polycystic Metabolic and Ovarian Syndrome - PMOS) ဟု အမည်သစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။ ယခင်အမည် PCOS သတ်မှတ်ချက်သည် မျိုးဥအိမ်ရေအိတ်နှင့်သာ သက်ဆိုင်သည့်ရောဂါဟု အဓိပ္ပာယ်သက်ရောက်စေသော်လည်း၊ လက်တွေ့တွင် မျိုးဥအိမ်၌ ရေအိတ်လုံးဝမရှိဘဲ ရောဂါဖြစ်ပွားနိုင်ခြင်းများ ရှိနေသောကြောင့် အမျိုးသမီးများ၏ ဟော်မုန်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေးပြဿနာများကို ပိုမိုထင်ဟပ်စေရန် ယခုကဲ့သို့ အမည်သစ် ပြောင်းလဲသတ်မှတ်ရခြင်းဖြစ်ကြောင်း သိရသည်။
“မျိုးဥအိမ် ရေအိတ်တည်ခြင်းရောဂါ” (PCOS) အား “အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ” (PMOS) ဟု အမည်သစ် ပြောင်းလဲသတ်မှတ်
Jul 01 • 9:21 AM
Myanmar
Local
Share
| 30 | 0 | 0 | 0 |


