မြန်မာနိုင်ငံတစ်ဝှမ်းတွင် မိုးရွာသွန်းမှုများ ရှိနေသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရန်နှင့် ရှောင်ကြဉ်ရန်အချက်များကို ဇွန်လ ၃၀ ရက် နံနက်ပိုင်းက မြို့တွင်းလှည့်လည်၍ အသိပညာပေး နှိုးဆော်ခဲ့ရကြောင်း သိရသည်။ ထို့ပြင် ဒေသခံများ အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် မြင်းမူမြို့ အနောက်ပိုင်းရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဥက္ကုဒ္ဓိဇေယျာသံဃာ့ဆေးရုံဆောင်၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ယနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပူရှောင်စခန်းကို ဆက်လက်ဖွင့်လှစ်ပေးထားရဆဲဖြစ်ကြောင်း သိရသည်။
နိုင်ငံအနှံ့တွင် မိုးရွာသွန်းနေသော်လည်း မြင်းမူမြို့၌ စစ်ကိုင်းတိုင်းဒေသကြီး ၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေးနေရဆဲဖြစ်ပြီး အပူရှောင်စခန်းလည်း ဆက်လက်ဖွင့်လှစ်ထား
Jul 01 • 9:23 AM
Myanmar
Sagaing
Share
| 14 | 0 | 0 | 0 |


