ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့သည် ၁၈၇၈ ခုနှစ် အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ပဲခူးတိုင်းရှိ အခြားခရိုင်မြို့များတွင် တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်ပေးခဲ့သော်လည်း သာယာဝတီ၌ ဖွင့်လှစ်ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။ ထို့ကြောင့် သာယာဝတီခရိုင်မြို့တွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခု ဆောက်လုပ်ပေးရန်နှင့် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးမည်ကို တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့၌ သာယာဝတီကိုယ်စားလှယ် ဦးဝင်းဇော်ဦးက မေးမြန်းခဲ့သည်။ ယင်းမေးမြန်းမှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနက လတ်တလောတွင် တက္ကသိုလ်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးဘဲ ပြည်တက္ကသိုလ်တွင် သွားရောက်တက်ရောက်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
| 10 | 0 | 0 | 0 |


