ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း ၁၉ ကျောင်းတွင် ဆရာ၊ ဆရာမများ လစ်လပ်လျက်ရှိနေသဖြင့် လာရောက်လျှောက်ထားသူရှိပါက ဦးစားပေးခန့်ထားပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားသည်။ ဇွန်လ ၃၀ ရက်က ပြုလုပ်သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် မိုင်းကိုင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းမွှေး၏ "မိုင်းကိုင်မြို့နယ်ရှိ ကျောင်းပေါင်း ၁၉ ကျောင်းတွင် ဆရာ၊ ဆရာမများ လစ်လပ်နေခြင်းနှင့် ဆရာ ၁ ဦးတည်းသာ တာဝန်ထမ်းဆောင်နေရခြင်းများအတွက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ" မေးခွန်းအား ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊မိုင်းကိုင်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း ၁၉ ကျောင်းတွင် ဆရာ၊ ဆရာမများ လစ်လပ်နေပြီး လျှောက်ထားသူရှိပါက ဦးစားပေးခန့်ထားမည်
Jul 01 • 9:18 AM
Myanmar
Shan
Share
| 11 | 0 | 0 | 0 |


