back

ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျောင်းများမှ ကျောင်းသား/သူများအား Placement Test ဖြင့် ပညာဆက်လက်သင်ယူနိုင်ရန် စီစဉ်

Jul 01 • 8:53 AM

breaking-news

Myanmar

Local

cover

ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျောင်းများမှ ကျောင်းသား/သူများအား Placement Test ဖြင့် ပညာဆက်လက်သင်ယူနိုင်ရန် စီစဉ်

ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိသည့် စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပညာရေးမပြတ်တောက်စေရန်အတွက် Placement Test စာမေးပွဲ ဖြေဆိုစေကာ သက်ဆိုင်ရာအတန်းမျာ...

ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိသည့် စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပညာရေးမပြတ်တောက်စေရန်အတွက် Placement Test စာမေးပွဲ ဖြေဆိုစေကာ သက်ဆိုင်ရာအတန်းများတွင် ဆက်လက်ပညာသင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားသည်။ အဆိုပါကိစ္စရပ်အား တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဇီးကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်း၏ ပညာရေးကဏ္ဍဆိုင်ရာ ကြယ်ပွင့်မပြမေးခွန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သက်ဆိုင်ရာတာဝန်ရှိသူက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

19