၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ ဘာသာဂုဏ်ထူး၊ စုစုပေါင်းရမှတ် ၅၃၀ မှတ်ဖြင့် တစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲ ပထမ (The Whole Burma First) ရရှိခဲ့သည့် လှိုင်သာယာ (အရှေ့) အထက (၁၄) မှ ကျောင်းသူ မနီနီကျော်အား POPULAR PLASTIC GROUP က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့သည့်အပြင် တက္ကသိုလ်ပညာသင်ကြားမည့် ကာလတစ်လျှောက် လစဉ်ပညာသင်ထောက်ပံ့ကြေး ကျပ် ၂ သိန်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လူမှုအကျိုးပြုလုပ်ငန်း (CSR) များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် POPULAR PLASTIC GROUP အနေဖြင့် ယခုကဲ့သို့ ချီးမြှင့်ခြင်းမှာ ထူးချွန်ကျောင်းသားများကို အားပေးမြှင့်တင်ရန်နှင့် ပညာရေးဆက်လက်သင်ယူနိုင်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲ ပထမရရှိသည့် မနီနီကျော်အား POPULAR PLASTIC GROUP က ဂုဏ်ပြုဆုငွေနှင့် လစဉ်ထောက်ပံ့ကြေး ချီးမြှင့်
Jul 01 • 8:49 AM
Myanmar
Local
Share
| 22 | 0 | 0 | 0 |


