ဟော်မုဇ်ရေလက်ကြားတွင် တင်းမာမှုများ ထပ်မံတိုးပွားမလာစေရန်အတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို တည်ထောင်ထားပြီးဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်-အန်ဆာရီ (Majed bin Mohammed Al-Ansari) က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော တင်းမာမှုများကို ထိန်းချုပ်ရာတွင် အဆိုပါလမ်းကြောင်းကို စတင်အသုံးပြုခဲ့ပြီး လက်ရှိတွင် လုပ်ငန်းလည်ပတ်နေပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ ဆက်သွယ်ရေးစနစ်နှင့်ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
Jul 01 • 9:03 AM
Myanmar
International
Share
| 18 | 0 | 0 | 0 |


