ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူနှင့် တပ်ကုန်းရပ်ကွက်အဆက်နားရှိ ဂျပန်တံတားအောက် ရေချောင်းအတွင်းသို့ ညစ်ညမ်းရေများ မကြာခဏ လာရောက်စွန့်ပစ်သွန်ခွင့်နေကြသဖြင့် အနီးပတ်ဝန်းကျင်တွင် အနံ့ဆိုးများထွက်ပေါ်ကာ ဒေသခံပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်လျက် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ဒေသခံများ၏ ပြောပြချက်အရ အဆိုပါညစ်ညမ်းရေများကို ညနေပိုင်း ကလေးကျောင်းကြိုချိန်များတွင် ပိုမိုလာရောက်စွန့်ပစ်လေ့ရှိပြီး၊ ဂါလံပုံးအဖြူရောင်များဖြင့် သယ်ဆောင်လာကာ HiJet ကားများနှင့် သုံးဘီးဆိုင်ကယ်များ အသုံးပြု၍ လာရောက်သွန်ပစ်နေကြခြင်းဖြစ်သည်။ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးကလည်း ၎င်းအနေဖြင့် ညနေပိုင်းအချိန်များတွင် သုံးဘီးကားနှင့် HiJet ကားများဖြင့် လာရောက်ပစ်ခွင့်နေသည်ကို ဆယ်ကြိမ်မက တွေ့ရှိထားကြောင်း အတည်ပြုပြောဆိုသည်။ အဆိုပါရေချောင်းသည် ယခင်က ရေ သန့်ရှင်းကြည်လင်ပြီး ငါးများပေါများသည့်အတွက် ဒေသခံများ ငါးဖမ်းခြင်းနှင့် အပန်းဖြေခြင်းများ ပြုလုပ်ရာ နေရာကောင်းတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ ညစ်ညမ်းမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ ဂျပန်တံတားအောက်တွင် ညစ်ညမ်းရေများ လာရောက်စွန့်ပစ်မှုကြောင့် အရေးယူပေးရန် ဒေသခံများတောင်းဆို
Jul 01 • 4:13 AM
Myanmar
Kachin
Share
| 22 | 0 | 0 | 0 |


