back

(၁၂) ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို အမေရိကန်ပြည်ထောင်စု အိုင်အိုဝါတွင် စဉ်လာမပျက် ကျင်းပမည်ဖြစ်

Jul 01 • 3:17 AM

breaking-news

Myanmar

Rakhine

cover

(၁၂) ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို အမေရိကန်ပြည်ထောင်စု အိုင်အိုဝါတွင် စဉ်လာမပျက် ကျင်းပမည်ဖြစ်

အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်၊ ဒမွိုင်းမြို့ (Des Moines, IA) ၌ (၁၂) ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို လာမည့် ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်နေ့တို့...

အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်၊ ဒမွိုင်းမြို့ (Des Moines, IA) ၌ (၁၂) ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို လာမည့် ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် စဉ်လာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။သင်္ကြန်ပွဲတော်ကို ပုံမှန်အားဖြင့် ဧပြီလတွင် ကျင်းပလေ့ရှိသော်လည်း အမေရိကန်နိုင်ငံ၏ ဧပြီလ ရာသီဥတုမှာ အလွန်အေးခဲလွန်းသောကြောင့် ရေကစားရန် အဆင်ပြေစေမည့် ဇူလိုင်လ နွေရာသီကာလသို့ ရွှေ့ပြောင်းကျင်းပခြင်း ဖြစ်သည်။နှစ်ရက်တိုင်တိုင် ကျင်းပမည့် အဆိုပါပွဲတော်တွင် ရခိုင်ရိုးရာထုံးတမ်းစဉ်လာအတိုင်း အတာရေကစားခြင်း၊ ရိုးရာအဆိုအကများဖြင့် ဖျော်ဖြေခြင်းတို့အပြင် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ရိုးရာအားကစားပြိုင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် လာရောက်ဆင်နွှဲကြသူများအတွက် ကံစမ်းမဲဖွင့်ပွဲအစီအစဉ်များနှင့်အတူ ရခိုင်ရိုးရာ အစားအသောက်မျိုးစုံဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

18