back

ဗီယက်နမ်၌ BYD နှင့် FUTA EV Power တို့ ပူးပေါင်းပြီး တိုးချဲ့အသုံးပြုနိုင်မည့် ရထားသွင်းကွန်ရက်သစ် ဖန်တီး

Jul 01 • 3:12 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်၌ BYD နှင့် FUTA EV Power တို့ ပူးပေါင်းပြီး တိုးချဲ့အသုံးပြုနိုင်မည့် ရထားသွင်းကွန်ရက်သစ် ဖန်တီး

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ BYD Auto Vietnam နှင့် ဗီယက်နမ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော FUTA Group ၏ လက်အောက်ခံ FUTA EV Power တို့သည် လျှပ်စစ်ကား (E...

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ BYD Auto Vietnam နှင့် ဗီယက်နမ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော FUTA Group ၏ လက်အောက်ခံ FUTA EV Power တို့သည် လျှပ်စစ်ကား (EV) အားသွင်းအခြေခံအဆောက်အအုံများ ပူးပေါင်းမျှဝေသုံးစွဲရန် သဘောတူညီချက်ရရှိခဲ့သည်။ ဤပူးပေါင်းမှုကြောင့် ဗီယက်နမ်နိုင်ငံရှိ BYD လျှပ်စစ်ကားပိုင်ရှင်များသည် FUTA EV Power ၏ တစ်နိုင်ငံလုံးရှိ အားသွင်းစတေရှင်ကွန်ရက်ကို အသုံးပြုခွင့်ရရှိတော့မည် ဖြစ်သည်။လက်ရှိတွင် BYD သည် ဗီယက်နမ်ဈေးကွက်၌ လျှပ်စစ်ကားမော်ဒယ် ၁၀ မျိုးအထိ တင်သွင်းရောင်းချနေသည်။ ဤမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသည် ခရီးဝေးမောင်းနှင်သူများအတွက် အားသွင်းရန် ပိုမိုလွယ်ကူ အဆင်ပြေစေမည် ဖြစ်သည်။ ထို့ပြင် ကုမ္ပဏီနှစ်ခုစလုံးသည် ဗီယက်နမ်၏ EV ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် အဆင့်မြင့်ဘက်ထရီနည်းပညာများနှင့် စွမ်းအင်သိုလှောင်မှုစနစ် (Energy Storage Systems) များကိုလည်း ပူးတွဲလေ့လာဆန်းသစ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

15